ဆရာဦးကိုနီအတွက်။ဆရာဦးကိုနီအတွက်။
စာရေးဆရာချစ်ဦးညို၏
"နာကျင်ကြေကွဲစာ"
စာရေးဆရာချစ်ဦးညို၏ "နာကျင်ကြေကွဲစာ"
- မိတ်ဆွေတစ်ယောက်၊ဥပဒေပညာရှင်တစ်ယောက်၊
အတွေးရှင်း၊အပြောရှင်း၊အရေးရှင်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းထက်
ပိုပါတယ်။
-မိမိဒုလ္လဘရဟန်းဘောင်စတုတ္ထအကြိမ်တက်ခဲ့စဉ်က
(၂၀၁၄)ခုနှစ်မှာဦးကိုနီကဒွိစုံသင်္ကန်းလှူ ခဲ့ပါတယ်။
မြန်မာမှု၊ယဉ်ကျေးမှုနဲ့အနုပညာကိုလည်းအတော်လေး
ထဲထဲဝင်ဝင်လေ့လာနားလည်ထားသူတစ်ယောက်။
- ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတစ်အုပ်လုံးကို
မီးရှို့ပြာချပြီးရေနဲ့ရောသောက်ထားဘိသကဲ့သို့
ကျမ်းကြေလှသူလဲဖြစ်တယ်၊ပြည်သူ့ဒီမိုကရေစီ
အစစ်နဲ့ဓမ္မအတွက်အားသွန်ခွန်စိုက်ကြိုးပမ်းနေမှာမှ
ဖြစ်ရပေခြင်း၊ဖြစ်ရလေခြင်းရယ်လို့မြည်တမ်းရင်း
နာကျင်ကြေကွဲရပါသည်။
- ဒါပေမယ့်နာကျင်ကြေကွဲနေရင်းမှာပဲ
ရူပဗေဒထဲက အပူမှသည်စွမ်းအင်သို့
(FROM HEAT TO ENERGY)
ဆိုတဲ့သဘာဝလို။
- သူ့အတွက်နာကျင်ကြေကွဲပြီးပူလောင်
နေတဲ့အပူကိုအမှန်တရားထွန်းကား၊
ဓမ္မအောင်လံလွှင့်ထူနိုင်ရေးတည်းဟူသော
စွမ်းအားအဖြစ်သို့ပြောင်းလဲလိုက်ပါတယ်
မိတ်ဆွေကြီး ဆရာဦးကိုနီခင်ဗျား။ ။
ချစ်ဦးညို
၂၆-၂-၂၀၁၇

Comments
Post a Comment