Skip to main content

ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု


ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခုဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု

လူ့ဦးနှောက်ဟာလည်း ကြွက်သားတွေလို ပုံမှန်လေ့ကျင့်ပေးရင် ကောင်းကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။
ယခင်ကထက် ဥာဏ်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးမယ့် အလေ့အကျင့်ကောင်း (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စူးစမ်းလေ့လာပါ။
ပတ်ဝန်းကျင်ကအကြောင်းအရာတွေကို တွေ့မြင်ရုံသာမဟုတ်ဘဲ ဂရုစိုက်ပြီး စူးစမ်းလေ့လာသင့်ပါတယ်။
အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာပြီး ဆက်စပ်စဉ်းစားခြင်းဟာ သင့်ဦးနှောက်အတွက်ကောင်းမွန်သလို စူးစမ်းလိုစိတ်ကိုလဲ မြှင့်တင်ပေးပါတယ်။
၂။ သင်ယူပါ။
အမြဲမပြတ် သင်ယူလေ့လာနေတဲ့ ဦးနှောက်ဟာ အလေ့အကျင့်ဖြစ်သွားပြီး တစ်ခုခုကို သင်ယူလေ့လာဖို့အတွက် အဆင်သင့်ဖြစ်နေမှာပါ။
အမြဲလေ့လာနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဘာသာစကားအသစ်တစ်ခုကို လွယ်ကူစွာ တတ်မြောက်နိုင်ပါတယ်။
၃။ နားထောင်ပါ။
ပတ်ဝန်းကျင်ကအသံတွေကို နားထောင်ခြင်းဟာလည်း ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။
တခြားလူတွေ ဆွေးနွေးတာကို အချိန်ပေးနားထောင်ရင် ဦးနှောက်အတွက်ကောင်းသလို သူတို့ရဲ့ အတွေးအမြင်တွေကို သိရှိခွင့်ရမှာဖြစ်ပါတယ်။
မကြားဖူးတဲ့ သီချင်းအသစ်တွေကို ဂရုစိုက်နားထောင်ပေးရင်လည်း ဒီအလေ့အကျင့် ရရှိလာနိုင်မှာဖြစ်ပါတယ်။
၎။ စမ်းသပ်ပါ။
သက်သာတဲ့ နေရာမှာနေပြီး အသိပညာအသစ်တွေကို ကြိုးစားစမ်းသပ်မှုမလုပ်ဘူးဆိုရင် သင့်ဘဝဟာ တိုးတက်ဖို့ခက်ခဲနေပါလိမ့်မယ်။
သင်ခန်းစာတွေကို ရှာဖွေဖတ်ရှုပြီး စမ်းသပ်မှုတွေကို ပြုလုပ်ရပါမယ်။
ဒါမှလဲ အောင်မြင်တဲ့ဘဝကို ချီတက်ဖို့ ယုံကြည်မှုတွေရှိလာမှာဖြစ်ပါတယ်။
၅။ ချဲ့ထွင်စဉ်းစားပါ။
ရရှိလာတဲ့ ဗဟုသုတတွေကို ချဲ့ထွင်စဉ်းစားပါ။ အကြောင်းအရာတစ်ခုကို ချဲ့ထွင်စဉ်းစားပြီး ရှုထောင့်ပေါင်းစုံနဲ့ သုံးသပ်နိုင်အောင်
အသုံးဝင်မယ့် စာအုပ်တွေကို ရှာဖွေဖတ်ရှုသင့်ပါတယ်။
၆။ ဆွေးနွေးပါ။
ပတ်ဝန်းကျင်ကနေ သင်ယူလေ့လာသလို ပတ်ဝန်းကျင်ကိုလဲ သင်သိထားတဲ့ ဗဟုသုတတွေ၊ သင့်မှာရှိတဲ့ အတွေးအခေါ်တွေကို ချပြသင့်ပါတယ်။
ဒါမှလဲ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ မှတ်ဥာဏ်တွေကို ပြန်လည်ဆန်းသစ်စေမှာပါ။
၇။ ပုံမှန်လေ့ကျင့်ပါ။
တစ်နေ့ကို မိနစ်(၂၀) လောက် အချိန်ပေးပြီး ဦးနှောက်ကို လေ့ကျင့်ပေးသင့်ပါတယ်။
ဥာဏ်စမ်းပုစ္ဆာတွေကို ဖြေရှင်းပေးရင်လည်း ဦးနှောက်ကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။
၈။ တရားထိုင်ပါ။
တရားထိုင်ပေးခြင်းဟာ သင့်ရဲ့စိတ်ကိုအနားပေးသလိုဖြစ်ပြီး ခေါင်းကြည်လာစေပါတယ်။
စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်သလို ရှေ့ဆက် ဘာလုပ်သင့်တယ်ဆိုတာကိုလဲ ဆုံးဖြတ်လာနိုင်မှာဖြစ်ပါတယ်။
၉။ ဖြစ်နိုင်၊မဖြစ်နိုင်ကို သေချာစဉ်းစားပါ။
အကြောင်းအရာတစ်ခုရဲ့ ဖြစ်နိုင်ခြေတွေကို သေချာစဉ်းစားပြီး အဖြေထုတ်သင့်ပါတယ်။
ဘယ်အရာကိုမှ ပုံသေမမှတ်ဘဲ အမြဲစဉ်းစားပြီး အတွေးအခေါ်အသစ်တွေနဲ့ လုပ်ကိုင်သင့်ပါတယ်။
၁၀။ အတွေးတွေကို နယ်ချဲ့ပါ။
သင့်ခေါင်းထဲမှာ အတွေးတွေကို နယ်ချဲ့ရင်း အတွေးအခေါ်အသစ်တွေ ရရှိလာနိုင်ပါတယ်။
အတွေးတွေကို ကန့်သတ်မထားဘဲ တိုးတက်အောင် တွေးခေါ်နေခြင်းဟာ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးမှာ အသေအချာပါပဲ။
အထက်ပါ (၁၀)ချက်ဟာ အရမ်းမခက်ခဲတဲ့အတွက် သင့်ဦးနှောက်ကို ပင်ပန်းစေမှာမဟုတ်ပါဘူး။
ဒါကြောင့် ဒီအချက်တွေကို ပုံမှန်လေ့ကျင့်ပေးသင့်ပါတယ်။
လင်းလင်းမောင်

Comments

Popular posts from this blog

တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ

တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ (၁) ကတိစာချုပ် သဘောတူကတိစာချုပ် ၃၀၀ ကျပ် (၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ် (၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ် (၄) ကိုယ်စားလှယ်လွဲစာ (က)အထွေထွေကိုယ်စားလှယ်လွဲစာ (ငါးဦး) ၁၀၀၀ ကျပ် (ခ)အထွေထွေကိုယ်စားလှဝ်လွဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ် (ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ် (ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင် ၁၀၀၀ ကျပ် (င)အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင် ၂၅၀၀ ကျပ် (စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ် (၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ် (၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ် (၇) ကြေညာစာတမ်း ၁၅၀ ကျပ် (၈) ခံဝန်ချုပ် (အာမခံသည့်ငွေ သို့မဟုတ် တန်ဖိုးပေါ်တွင် ၁ % ) (၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း / မူရင်းစာချုပ်အား မိတ္ထူ ကူးလျှင် ၁၀၀ ကျပ်) (၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%) (အခြား အနေအထားတွင် ၂၅၀၀ ကျပ်) (၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း (မူရင်း...
ဆေးပညာစာအုပ်များ You can download the files here: ၀န်စာရေးတော်မင်းဦးကောင်း-နရ ငါးတွဲမူရင်းဆေးကျမ်းကြီး(စ-ဆုံး).pdf https://yadi.sk/i/De1lsSS8o5hcv ၄၀ကျော်ကျန်းမာရေးနှင့်.pdf https://yadi.sk/i/4iaHoeQ8o5hd3 Handbook of medicinal herbs.pdf https://yadi.sk/d/Mq8MtMcYo5hdB ကင်ဆာရောဂါနှင့်သဘာဝ၊တိုင်းရင်းဆေးကုထုံးများ.pdf https://yadi.sk/i/l-8Afc-eo5hdF ကလေးကျန်းမာရေးဆိုင်ရာအယူအဆအမှားများ.pdf https://yadi.sk/i/A9_Ug8rco5hdM ဂျာနယ်ကျော်မမလေး-မြန်မာ့ဆေးပညာ.pdf https://yadi.sk/i/SkRrqRXCo5hdT ငါးစေါင်တွဲဆေးကျမ်း.pdf https://yadi.sk/d/g9YCAjcWo5hdZ စိုးသွေး(ဝိဇ္ဖာ)-မျက်မှန်လွတ်နည်း.pdf https://yadi.sk/i/CWN2YB5mo5hdb ဆယ့်နှစ်လအလှဆင် ဆေးဖက်ဝင်အပင်များ.pdf https://yadi.sk/i/E2p5QXDno5hdj ဆရာဝန်များ ညွန်ပြသည့် အိမ်သုံးဆေးကုသနည်းများ.pdf https://yadi.sk/i/IXFj0nvPo5hdm ဆရာကြီးဦးဟန်ထွန်း-ဗုဒ္ဓခေတ်မှဆေးဝါးများ.pdf https://yadi.sk/i/FZbNaFkYo5hdw ဆရာဦးမြင့်စိန်-ဆေးဗေဒင်ပညာသဘောတရားများနှင့်လက်တွေ့ဟောပုံ.pdf https://yadi.sk/i/NkqJr5hXo5he6...
ပညာတတ်ချင်တာလား ၊ အောင်လက်မှတ်လိုချင်တာလား... (ဦးအောင်သင်း) ===================== “မင်းတို့ ဘာဖြစ်လို့ ပညာသင်ကြသလဲ။ ဘာဖြစ်လို့ ကျောင်းတက်ကြတာလဲ”  “ပညာတတ်ချင်လို့ပါ” ၊ “ပညာတတ်ချင်လို့ပါ”             “ဟုတ်ရဲ့လား၊ သေချာထပ်စဉ်းစားကြစမ်း”      “ဟုတ်ပါတယ်” ၊ “ဟုတ်ပါတယ်”             “သေချာထပ်စဉ်းစားကြစမ်း၊ ဘာဖြစ်လို့ ကျောင်းလာတတ်ကြတာလဲ။ ဘာဖြစ်လို့ ကျူရှင်တွေ တက်နေကြတာလဲ”      “စာမေးပွဲအောင်ချင်လို့ပါ”             “အေး-ဟုတ်ပြီ။ ဘာဖြစ်လို့ စာမေးပွဲအောင်ချင်ကြသလဲ”       “အလုပ်ရအောင်လို့ပါ” ၊ “အသက်မွေးဝမ်းကျောင်းလုပ်နိုင်ဖို့ပါ” ၊ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ပါ”           “ကောင်းပြီ။ မင်းတို့ စဉ်းစားနိုင်အောင် ငါ ပြောပြမယ်။ ငါလဲ ငါ့ကိုယ်ငါ ငယ်စဉ်ဘ၀ကို ပြန်စဉ်းစားကြည့်ခဲ့မိဖူးပါတယ်။ ကျောင်းသွားတာကိုက မိဘတွေက အသွားခိုင်းလို့ သွားလိုက်ရတာပဲ။ ဘာရယ်လို့ကို မတွေးခဲ့မိဘူး။ ကျောင်းရောက်ပြန်တော့လဲ ဆရ...