Skip to main content

Posts

Showing posts from April, 2017

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း က က ကကုသန်ဘုရား ကကူရံငါး ကကြီးအက္ခရာ ကကြိုးတီးလုံး ကကြိုးတန်ဆာ ကခုန်- ကချလာ ကချေသည် ကချော်ကချွတ် ကချင်ပြည်နယ် ကစားခုန်စား ကစားဒိုင် ကစီရည် ကစော့ပင် ကစော်ဖတ် ကစော်ရည် ကစဥ့်ကရဲ ကစဥ့်ကလျား ကစိန်းကဝါး ကဆုန်ပေါက်- ကဆုန်လ ကဇွန်းရွက် (ကန်စွန်းရွက်) ကဇွန်းဥ (ကန်စွန်းဥ)  ကညင်ပင် ကညစ် ကညွတ်ပင် ကဏန်း(သတ္တဝါ) <သံတူ> ဂဏန်း(သင်္ချာ) ကဏန်းမြင်း၊ ကဏန်းလက်မ၊ ဖောင်စီးကဏန်း <သံတူ> ဂဏန်းခြေ၊ ဂဏန်းသင်္ချာ၊ ဒူးဂဏန်းကျေးဂဏန်း ကတညုတတရား ကတိ <သံတူ> ဂတိ  ကတိကဝတ်၊ ကတိစာချုပ်၊ ကတိပြု - ၊ ကတိသစ္စာ <သံတူ> ဆန္ဒာဂတိ၊ ဒုဂ္ဂတိဘုံ၊ လားရာဂတိ၊ သုဂတိဘုံ၊ အဂတိလိုက်စား -   ကတောကမျော(ကသောကမျော) ကတော့ <သံတူ> ကန်တော့ -  ဆီကတော့၊ လက်ကတော့ထိုး - ၊ ဝဲကတော့ <သံတူ> ကန်တော့ဆွမ်း၊ ကန်တော့ပွဲ၊ ကန်တော့ဝန်ချ -  ကတော်(မင်း...၊ စိုး...) ကတိုးကောင် ကတောက်ကဆတ် ကတောက်ကတက်၊ ခွေးကတက် <သံတူ> ခံတက်ချဉ်၊ ခံတက်ပင်  ကတောက်စပ်ပင် ကတောက်ပင် ကတိုက်ကရိုက် ကတောင်ချောက်ချား ကတည်းက(သွား...) ကတတ်ငန်းပင် ကတုတ်က...

ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု

ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု လူ့ဦးနှောက်ဟာလည်း ကြွက်သားတွေလို ပုံမှန်လေ့ကျင့်ပေးရင် ကောင်းကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ ယခင်ကထက် ဥာဏ်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးမယ့် အလေ့အကျင့်ကောင်း (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စူးစမ်းလေ့လာပါ။ ပတ်ဝန်းကျင်ကအကြောင်းအရာတွေကို တွေ့မြင်ရုံသာမဟုတ်ဘဲ ဂရုစိုက်ပြီး စူးစမ်းလေ့လာသင့်ပါတယ်။ အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာပြီး ဆက်စပ်စဉ်းစားခြင်းဟာ သင့်ဦးနှောက်အတွက်ကောင်းမွန်သလို စူးစမ်းလိုစိတ်ကိုလဲ မြှင့်တင်ပေးပါတယ်။ ၂။ သင်ယူပါ။ အမြဲမပြတ် သင်ယူလေ့လာနေတဲ့ ဦးနှောက်ဟာ အလေ့အကျင့်ဖြစ်သွားပြီး တစ်ခုခုကို သင်ယူလေ့လာဖို့အတွက် အဆင်သင့်ဖြစ်နေမှာပါ။ အမြဲလေ့လာနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဘာသာစကားအသစ်တစ်ခုကို လွယ်ကူစွာ တတ်မြောက်နိုင်ပါတယ်။ ၃။ နားထောင်ပါ။ ပတ်ဝန်းကျင်ကအသံတွေကို နားထောင်ခြင်းဟာလည်း ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ တခြားလူတွေ ဆွေးနွေးတာကို အချိန်ပေးနားထောင်ရင် ဦးနှောက်အတွက်ကောင်း...

ဘဏ်​မှာ ​ငွေစုလျှင်​ အတိုးနုန်းကို ​လေ့လာပါ။

ဘဏ်​မှာ ​ငွေစုလျှင်​ အတိုးနုန်းကို ​လေ့လာပါ။ ဘဏ်​မှာ ​ငွေစုလျှင်​ အတိုးနုန်းကို ​လေ့လာပါ။ ငွေစုမယ်ဆိုလျင်… အစိုးရဘဏ်(မြန်မာ့စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိက ဘဏ်တို့၏ အတိုးနှုန်းထားများပါ။ မသိသေးသောသူများ  သိစေရန်  ပြန်မျှဝေလိုက်ပါတယ်…… ဘဏ်တိုး တစ်နှစ်ကို .. ၈.၅% တစ်လကို .. ၀.၇% တစ်လအတွက် အတိုးက ငွေ ၁၀၀ ကို .. ပြား ၇၀ ငွေ ၁၀၀၀ ကို .. ၇ကျပ် ငွေ ၁၀၀၀၀ ကို .. ၇၀ ငွေ ၁၀၀၀၀၀ ကို .. ၇၀၀ ငွေ ၁၀ သိန်းကို … ၇၀၀၀ ငွေ ၁၀၀ သိန်းကို … တစ်လ ၇သောင်း ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း ရပါမယ် .. စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ် ၁၀သိန်း ကို .. တစ်နှစ် ၁သိန်း သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း .. သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် .. (တစ်နှစ် အတွင်းလုံးဝမထုတ်ရ ) (တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ ) စာရင်းသေကို .. ၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ .. အမျိုးမျိုး ထားလို့ ရပါတယ် .. အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် .. လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး .. ၁လ – ၃လ – ၆လ – ၉လ – ၁နှစ် အတွင်း လုံး...

စာရေးဆရာချစ်ဦးညို၏ "နာကျင်ကြေကွဲစာ"

ဆရာဦးကိုနီအတွက်။ ဆရာဦးကိုနီအတွက်။ စာရေးဆရာချစ်ဦးညို၏                "နာကျင်ကြေကွဲစာ" စာရေးဆရာချစ်ဦးညို၏ "နာကျင်ကြေကွဲစာ" - မိတ်ဆွေတစ်ယောက်၊ဥပဒေပညာရှင်တစ်ယောက်၊   အတွေးရှင်း၊အပြောရှင်း၊အရေးရှင်းတဲ့   ပုဂ္ဂိုလ်တစ်ယောက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းထက်   ပိုပါတယ်။ -မိမိဒုလ္လဘရဟန်းဘောင်စတုတ္ထအကြိမ်တက်ခဲ့စဉ်က   (၂၀၁၄)ခုနှစ်မှာဦးကိုနီကဒွိစုံသင်္ကန်းလှူ ခဲ့ပါတယ်။   မြန်မာမှု၊ယဉ်ကျေးမှုနဲ့အနုပညာကိုလည်းအတော်လေး   ထဲထဲဝင်ဝင်လေ့လာနားလည်ထားသူတစ်ယောက်။ - ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတစ်အုပ်လုံးကို   မီးရှို့ပြာချပြီးရေနဲ့ရောသောက်ထားဘိသကဲ့သို့   ကျမ်းကြေလှသူလဲဖြစ်တယ်၊ပြည်သူ့ဒီမိုကရေစီ   အစစ်နဲ့ဓမ္မအတွက်အားသွန်ခွန်စိုက်ကြိုးပမ်းနေမှာမှ   ဖြစ်ရပေခြင်း၊ဖြစ်ရလေခြင်းရယ်လို့မြည်တမ်းရင်း   နာကျင်ကြေကွဲရပါသည်။ -  ဒါပေမယ့်နာကျင်ကြေကွဲနေရင်းမှာပဲ    ရူပဗေဒထဲက အပူမှသည်စွမ်းအင်သို့   (FROM HEAT TO ENERGY)   ဆိုတဲ့သဘာဝလို။ -  သူ့အတွက်နာကျင်ကြေကွဲပြီးပူလောင်ေ...
ပညာတတ်ချင်တာလား ၊ အောင်လက်မှတ်လိုချင်တာလား... (ဦးအောင်သင်း) ===================== “မင်းတို့ ဘာဖြစ်လို့ ပညာသင်ကြသလဲ။ ဘာဖြစ်လို့ ကျောင်းတက်ကြတာလဲ”  “ပညာတတ်ချင်လို့ပါ” ၊ “ပညာတတ်ချင်လို့ပါ”             “ဟုတ်ရဲ့လား၊ သေချာထပ်စဉ်းစားကြစမ်း”      “ဟုတ်ပါတယ်” ၊ “ဟုတ်ပါတယ်”             “သေချာထပ်စဉ်းစားကြစမ်း၊ ဘာဖြစ်လို့ ကျောင်းလာတတ်ကြတာလဲ။ ဘာဖြစ်လို့ ကျူရှင်တွေ တက်နေကြတာလဲ”      “စာမေးပွဲအောင်ချင်လို့ပါ”             “အေး-ဟုတ်ပြီ။ ဘာဖြစ်လို့ စာမေးပွဲအောင်ချင်ကြသလဲ”       “အလုပ်ရအောင်လို့ပါ” ၊ “အသက်မွေးဝမ်းကျောင်းလုပ်နိုင်ဖို့ပါ” ၊ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ပါ”           “ကောင်းပြီ။ မင်းတို့ စဉ်းစားနိုင်အောင် ငါ ပြောပြမယ်။ ငါလဲ ငါ့ကိုယ်ငါ ငယ်စဉ်ဘ၀ကို ပြန်စဉ်းစားကြည့်ခဲ့မိဖူးပါတယ်။ ကျောင်းသွားတာကိုက မိဘတွေက အသွားခိုင်းလို့ သွားလိုက်ရတာပဲ။ ဘာရယ်လို့ကို မတွေးခဲ့မိဘူး။ ကျောင်းရောက်ပြန်တော့လဲ ဆရ...